ကြိုဆိုနှုတ်ခွန်းဆက်စကား

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန (ICTRC) ကိုယ်စားကျွန်ုပ်တို့၏လှုပ်ရှားမှုများကိုစိတ်ဝင်စားပြီး ICTRC တွင်လေ့ကျင့်ရေးသင်တန်းများပို့ချရန်သင့်အားလှိုက်လှဲစွာကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ အရည်အသွေးပေါ်လစီများနှင့်အညီ ကျွန်ုပ်တို့သည် အရည်အသွေးပြည့်မီ၍ထူးကဲကောင်းမွန်သောပညာရေးနှင့်ပံ့ပိုးမှု၊၀န်ဆောင်မှုကိုအလွန်စိတ်အားထက်သန်စွာဖြင့် ပေးအပ်လျက်ရှိပါသည်။

အိုင်တီလုပ်ငန်းများကိုထိရောက်စွာအသုံးပြုရန်အတွက် ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နိုင်ငံတော်၏လိုအပ်ချက်နှင့်ကိုက်ညီသော Web Technologies၊ Android Application Development, Linux Technology, Database Technology တို့နှင့်သက်ဆိုင်သည့်အိုင်စီတီနှင့်သက်ဆိုင်သည့်ပညာရပ်ဆိုင်ရာသင်တန်းများပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သင်တန်းမှ အောင်မြင်စွာပြီးမြောက်ကြောင်းအသိအမှတ်ပြုလက်မှတ်များကိုများစွာပေးအပ်ခဲ့ပြီး ဆက်လက်ပညာသင်ကြားသောအစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းသားများကို သင်ကြားရန်လိုအပ်သောဗဟုသုတများကိုသာမက၊ နောက်ဆုံးပေါ်လေ့ကျင့်ရေးနည်းစနစ်များနှင့်အရည်အသွေးအမြင့်ဆုံးသောပစ္စည်းများကိုအသုံးပြုစေခြင်းအားဖြင့် မြင့်မားသော၊ အရည်အသွေးရှိသော၊ ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှုကောင်းသော အရည်အချင်းပြည့်ဝသည့် ကျောင်းသားများကို မွေးထုတ်ပေးလျက်ရှိပါသည်။

တောက်ပသောအနာဂတ်ဘ၀ကိုရရှိရန်အတွက် ICT Research Center သို့ဝင်ရောက်ပါ။

ပိုမိုဖတ်ရှုရန်

ဒေါက်တာနေခြည်လဲ့လဲ့သိန်း
ဒုတိယညွှန်ကြားရေးမှူးချုပ်

အခမ်းအနားများ

11Feb

ICT Star Group Myanmar Co.,Ltd Scholarship Awarding

7:00 မနက် - 11:30 မနက်Information & Communication Technology Research Center
10Dec

Science Fair 2019

12:00 မနက် - 11:59 ညနေYangon University
14Nov

Opening Ceremony of ICTTI 26th Batch and IMCEITS 23rd Batch

9:00 မနက် - 4:30 ညနေInformation & Communication Technology Research Center