ICTRC နောက်ခံသမိုင်း

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန (ICTRC) ကို တိုးတက်ပြောင်းလဲနေသော အိုင်တီလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန်နှင့် ပိုမိုကောင်းမွန်သောစီးပွားရေးလုပ်ငန်းများနှင့်အောင်မြင်မှုများရရှိရန်အတွက်လိုအပ်သောသုတေသနလုပ်ငန်းများပြုလုပ်ရန်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ICTRC ၏လက်အောက်တွင် မြန်မာအစိုးရနှင့် အိန္ဒိယတို့ ပူးပေါင်းဖွင့်လှစ်ထားသော အိန္ဒိယ-မြန်မာသတင်းအချက်အလက်နည်းပညာကျွမ်းကျင်မှုတိုးမြှင့်ရေးစင်တာ (IMCEITS)နှင့် ဂျပန်နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့အစည်း (JICA)နှင့် ပူးပေါင်းဖွင့်လှစ်ထားသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသင်တန်းကျောင်း (ICTTI) တို့ရှိပါသည်။ ၎င်းသင်တန်းကျောင်းနှစ်ခုတွင် အရည်အချင်းပြည့်ဝသော ICT အင်ဂျင်နီယာများမွေးထုတ်ပေးရန်အတွက် အဆင့်မြင့်သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိပါသည်။

ရည်မှန်းချက်

  • ICTနှင့်၎င်း၏အသုံးချမှုများအတွက်အသုံးချသုတေသနကိုညှိနှိုင်းဆောင်ရွက်ရန်။

  • ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ IT စက်မှုလုပ်ငန်းများတွင် ICT နှင့်သက်ဆိုင်သောသုတေသနကိုပြုလုပ်ရန်။

  • တက္ကသိုလ်နှင့်၀န်ကြီးဌာနများမှဘွဲ့ရများနှင့် ၀န်ထမ်းများအားစက်မှုလုပ်ငန်းအခြေပြု ICT သင်တန်းများပေးခြင်းဖြင့်သုတေသနပြုလုပ်ရန်အရည်အချင်းပြည့်ဝသောအိုင်တီပညာရှင်များကိုမွေးဖွားရန်။

  • ICT ကျွမ်းကျင်မှုဖြင့်အလုပ်အကိုင်အခွင့်အလမ်းများရရန် ICT အင်ဂျင်နီယာများကိုအဆင့်မြင့်သင်တန်းများပေးရန်။

  • စက်မှုလုပ်ငန်းနှင့်လူ့အဖွဲ့အစည်းအတွက်ICT အသုံးပြုမှုတွင်နည်းပညာကျွမ်းကျင်မှုနှင့်ခေါင်းဆောင်မှုပေးရန်။

  • သုတေသနပြုခြင်းအားဖြင့် နိုင်ငံ၏မူဝါဒများနှင့်စီမံကိန်းများကိုချမှတ်ရာတွင်အထောက်အပံ့ပေးရန်။

ရည်ရွယ်ချက်

  • တစ်နိုင်ငံလုံးအပေါ်စီးပွားရေးနှင့်လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုများရရှိရန်၊ လူမှုစီးပွားနှင့်စက်မှုလိုအပ်ချက်များကိုဖြည့်ဆည်းရန်နှင့် ICT အသုံးပြုမှုဆိုင်ရာဆန်းသစ်သောသုတေသနများကိုညှိနှိုင်းဆောင်ရွက်ရန်။

  • အစဉ်အမြဲပြောင်းလဲနေသောလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေးအတွက် ICTလူသားအရင်းအမြစ်များကိုမွေးဖွားပေးနိုင်သော အဆင့်မြင့် ICT သင်တန်းများကိုဖွင့်လှစ်သင်ကြားရန်။

လှုပ်ရှားမှုပုံရိပ်များ