ဆော့ဝဲလ်နည်းပညာသင်တန်းဌာန၏ လုပ်ငန်းတာဝန်များမှာ ကွန်ပျူတာဆော့ဝဲလ်ဆိုင်ရာ ပညာရပ်များအား လုပ်ငန်းခွင်တွင် အဆင်သင့် ဝင်ရောက်နိုင်သည်အထိ လက်တွေ့အသုံးချနိုင်အောင် စာတွေ့၊ လက်တွေ့သင်ကြားပေးခြင်း၊ အရည်အသွေးမြင့်မားသော IT ပညာရှင်များဖြစ်လာအောင် ပြုစုပေးခြင်း၊ ကျောင်းသားများကို ကြီးကြပ် ကွပ်ကဲခြင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကွန်ပျူတာအသုံးချပညာရပ်များ ပြန့်ပွားစေခြင်း၊ Project များကိုကြီးကြပ်ပေးခြင်း၊ ဘာသာရပ်ဌာနရှိ သင်ထောက်ကူပစ္စည်းများ ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် စနစ်တကျ သုံးစွဲခြင်းတို့ ဖြစ်ပါသည်။
ကွန်ယက်နည်းပညာသင်တန်းဌာန၏ လုပ်ငန်းတာဝန်များမှာ ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာ ပညာရပ်များအား လုပ်ငန်းခွင်တွင် အဆင်သင့်ဝင်ရောက်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်း၊ သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ကွန်ပျူတာအသုံးချပညာရပ်များ ပြန့်ပွားစေခြင်း၊ ပြင်ပလုပ်ငန်းခွင်တွင် အသုံးပြုနိုင်မည့် Project များအား ရေးသားနိုင်ရန် ကြီးကြပ်ပေးခြင်း၊ ဘာသာရပ်ဌာနရှိ သင်ထောက်ကူပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စနစ်တကျသုံးစွဲခြင်းတို့ ဖြစ်ပါသည်။
ကွန်ပျူတာစနစ် လုပ်ဆောင်မှု သင်တန်းဌာန၏ တာဝန်များမှာ ကွန်ပျူတာနှင့် သင်ထောက်ကူ ပစ္စည်းမျာအား ပြုပြင်ထိန်းသိမ်းခြင်း၊ ဆော့ဝဲလ်များတပ်ဆင်ပေးခြင်း ကွန်ပျူတာများ လက်တွေ့ခန်းများတွင် လိုအပ်သောစက်ပစ္စည်းများ၊ ကွန်ပျူတာအစိတ်အပိုင်းများ အချိန်မီရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။