Engineering Science Training Department

အင်ဂျင်နီယာသိပ္ပံသင်တန်းဌာန၏ လုပ်ငန်းတာဝန်များမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ အတတ်ပညာများအား လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်း၊ လိုအပ်သောစက်ကိရိယာများ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ ထုတ်လုပ်မှုဆိုင်ရာစက်များ၏ ဒီဇိုင်းပုံစံများ တွက်ချက်ခြင်း၊ ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများအား သင်ကြားပို့ချပေးခြင်းတို့ ဖြစ်ပါသည်။

Engineering Technology Training Department

အင်ဂျင်နီယာနည်းပညာ သင်တန်းဌာန၏ လုပ်ငန်းတာဝန်များမှာ စက်မှုပိုင်းဆိုင်ရာ စက်မှုစွမ်းအား မြှင့်မားရေး၊ ထုတ်လုပ်ရေး၊ တိုင်းတာရေးတို့အတွက် နည်းပညာများ မြှင့်တင်ရေးများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးခြင်းတို့ ဖြစ်ပါသည်။